ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်


MNP  -   ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပြုလုပ်ခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိသဲချိုက (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့၏ အမျိုးသားဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တို့၏ ဆွေးနွေးချက်၊ လုပ်ဆောင်ချက်များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။


ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများသိသင့်သိထိုက်သည့်အကြောင်းအရာများကို (Talk Show) ဆွေးနွေးပွဲအဖြစ် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နော်ခူး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)