ပေါင်မြို့နယ်တွင် အမျိုးသမီးအကြမ်းဖက်မှုကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အမျိုးသမီးအကြမ်းဖက်မှုကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်


MNP   -   ဖေဖော်ဝါရီ    ၂၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်   အမျိုးသမီးအကြမ်းဖက်မှုကာကွယ်တားဆီးရေးဆိုင်ရာ    အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။


‌ထို့နောက် ပေါင်မြို့နယ် ဒုတိယဥပဒေအရာရှိ ဒေါ်ဝေဝေမွန် က အမျိုးသမီးများကိုအကြမ်းဖက်မှုဖြစ်ပေါ်လာတဲ့အကြောင်းအရာများ၊စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို သက်ဆိုင်ရာဌာနများမှကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအပြင်၎င်းတို့၏စိတ်ပိုင်းဆိုင်ရာများ၊ရုပ်ပိုင်းဆိုင်ရာများကိုလည်းပြုစုပျိုးထောင်ပေးခြင်းများ၊အလုပ်အကိုင်အခွင့်အလမ်းများရ‌ရှိစေရန် အိမ်တွင်းလက်မှုလုပ်ငန်းများသင်ကြားပေးခြင်းများအပြင် အမျိုးသမီးများကိုကာကွယ်စောင့်ရှောက်ရန်လူတိုင်း တာဝန်သိစိတ်ဖြင့်  ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)