“မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး”Talk Showကို  ယမန်နေနေ့လယ်က ကျင်းပခဲ့ကြောင်းသိရသည်။


ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နီလာစိုးနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်) တို့က မသန်စွမ်းသူလို့ ဘာလို့ခေါ်တာလဲ၊ မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်ရရှိမှုအခြေအနေ၊ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့အခြေအနေများ စသည့်အကြောင်းအရာများအားဖြည့်စွက်၍ အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။


နီလာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)