ပခုက္ကူမြို့နယ်၌ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ပွဲ အစီအစဉ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်၌ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ပွဲ အစီအစဉ်ကျင်းပ


MNP  -    ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ပြည်သူအများပြည်ထောင်စုနေ့နှင့်ပတ်သက်သော သမိုင်းအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိပြီး တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်ကြစေရန် ရည်ရွယ်၍ ပြည်ထောင်စု နေ့အကြောင်းသိကောင်းစရာအသိပညာပေး(Talk Show)ပွဲအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါအသိပညာပေး(Talk Show)ပွဲအစီအစဉ်တွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေတို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ဆောင်ပုဒ်၊ ကဗျာနှင့် ဆောင်းပါးများနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ ပြည်ထောင်စုစိတ်ဓာတ်ထာဝစဉ်ရှင်သန်ထက်မြက် စေရေးနှင့်စစ်မှန်သော မျိုးချစ်စိတ်ဓာတ်တို့၏ အဓိပ္ပါယ်များ၊ လွတ်လပ်ရေးနှင့်ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး အတွက် ပြည်ထောင်စုတိုင်းရင်းသားပြည်သူများအားလုံးက မိမိတို့၏ တာဝန်တစ်ရပ်အဖြစ်ခံယူကာ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သင့်သည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)