ကျောက်တော်မြို့၌ လူငယ်အသိပညာပေး(Talk Show)ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့၌ လူငယ်အသိပညာပေး(Talk Show)ပြုလုပ်


MNP  -   ဖေဖော်ဝါရီ ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေး(Talk Show)ကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအသိပညာပေး(Talk Show)ကျင်းပပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြသန်းက လူငယ်အသိပညာပေး (Talk Show)ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး အလယ်တန်းကျောင်းအုပ်ဆရာကြီး(ငြိမ်း) ဦးလှထွန်းသိန်းက လူငယ်များသည် အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက်​ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများနှင့်ပြည်စုံရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် လူတော်/ လူကောင်းများဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ စာပေအတတ်ပညာများကို တတ်မြောက်အောင် ကြိုးစားသင်ယူရမည်ဖြစ်ပါကြောင်း၊ ဒါမှသာလူငယ်များအနေနှင့် အသိပညာဉာဏ်အမြော်အမြင်ကြီးမားပြီး စွမ်းဆောင်ရည်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ လူကြီးများသည် လူငယ်တွေရဲ့ စူးစမ်းချင်စိတ်၊ တွေးတောစိတ်၊ အလေ့အထ၊ အကျင့်စရိုက်များကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်အန္တရာယ်စသော ဆိုးကျိုးများကိုရှောင်ရှားရန် လိုအပ်ပါကြောင်းစသည့် အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


ခင်မောင်ထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)