MNP - ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို လူငယ်များ သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်နှင့် စာရေးဆရာမ မေမြတ်စန္ဒာတို့က အနာဂါတ်၏ မျိုးဆက်သစ်လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ သားကောင်များမဖြစ်စေရေးရှောင်ရှားကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသည့် မူးယစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၊ ဆောင်ရွက်နေမှုအခြေအနေများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးသည် လူတိုင်းနှင့်သက်ဆိုင်ကြောင်း စသည်တို့အား အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Talk Show အား ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ အသိပညာပေးထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost
No comments:
Post a Comment