မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ


MNP   -    ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီကမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ( Community Centre)၌ ကျင်းပခဲ့ကြောင်း သိရသည်။                  


တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး


 Talk Show ကိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမှုဆောင် ဒေါ်​အေးကျင်တို့က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် မူးယစ်ဆေး ဝါးသုံးစွဲခြင်းကြောင့် လူမျိုးပြုန်းတီးနိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် လူငယ်များသည် အရေးကြီးပါကြောင်း၊ လူငယ်များမူးယစ်ဆေးဝါး၏ သားကောင်ဖြစ်သွားမည်ဆိုပါက နိုင်ငံရဲ့အနာဂတ်ပျက်စီးသွားမှာဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်နိုင်သည့်အတွက် နိုင်ငံတော်နှင့်လူငယ်များ အနာဂတ်ကောင်းမွန်စေရေး လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန် ပညာပေးဆွေးနွေးခဲ့သည်။


မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ရိုက်ကူးထုတ်လွှင့်သည့်အဆိုပါ Talk Show အပြည့်အစုံကို တွံတေးမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)