(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆောင်ရွက်


MNP   -   ဖေဖော်ဝါရီ ၁၀

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးTalk Showကို ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show တွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် စာရေးဆရာမ ချယ်ချယ် (YU)တို့က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပင်လုံညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ဖော်ဆောင်နိုင်မှုများအကြောင်း၊ ပြည်ထောင်စုရေရှည် တည်တံ့နိုင်ရေးအတွက် တိုင်းရင်းသားအားလုံးက ကာကွယ်စောင့်ရှောက်ရန်စသည့်အကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များရိုက်ကူး ထုတ်လွှင့် ပေးလျက်ရှိရာ ယနေ့ပြုလုပ်သည့်Talk Show အပြည့်အစုံကို We Love Ottarathiri Facebook Page တွင်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။


ကျော်စွာဟိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)