စစ်တွေခရိုင်လုထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေခရိုင်လုထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်



MNP  -    ဖေဖော်ဝါရီ ၂၄

  ရခိုင်ပြည်နယ်၊စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြည်သူဗဟိုပြုပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Talk Show ဆွေးနွေးပွဲများပြုလုပ်ပေးလျှက်ရှိရာ ယနေ့‌ ဖေဖော်ဝါရီလ၂၄ရက်နေ့နံနက်(၁၁၀၀)ချိန်က စစ်တွေမြို့၊မူးယစ်တပ်ဖွဲ့စု၊အမှတ်(၄၇)နှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ မူးယစ်အန္တရာယ်အသိပညာပေးTalk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။


    အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒေါ်ခင်ယုယုနွယ် (လက်ထောက်ညွှန်ကြားရေးမှူး)ကအသိပညာပေးTalk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။


   ဆက်လက်၍ စစ်တွေမြို့၊မူးယစ်တပ်ဖွဲ့စု၊အမှတ်(၄၇)မှ ရဲမှူးခင်မောင်လွင်က မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအုပ်စုများ၊ စိတ်ကြွ ဆေးပြား၏အဓိပ္ပါယ်နှင့်ဆိုးကျိုးများ၊ ဥပဒေအရအရေးယူခြင်းခံရမည့်ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးကြောင့်စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့်ကျန်းမာရေး/လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုများ၊ စမ်းသပ်ကြည့်ချင်သည့်စိတ်များမဖြစ်စေရေးစသည့်ပြည်သူများအားခြိမ်းခြောက်နေသော မူးယစ်ဆေး၏ကြိုတင်ရှောင်ကြဉ်ဖွယ်အကြောင်းအရာများ၊ ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲပြုလုပ်မည့်အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။


   အဆိုပါဆွေးနွေးပွဲTalk Show အသိပညာပေးအစီအစဉ်များကို စစ်တွေခရိုင်မှလစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)