သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအသိပညာပေး Talk Show ပြုလုပ်


MNP   -    ဖေဖော်ဝါရီ ၂၃

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကိုရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည် တတ်‌စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှိုင်သူဇာက မီးလောင်ခြင်းကိုဖြစ်‌ပေါ်စေနိုင်သည့် မီးအမျိုးစားများအကြောင်း၊ မီးလောင်မှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်ထားရှိမှု အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မျိုးလွင်က ကမ္ဘာမှာဆိုလျှင် မီးလောင်မှုအမျိုးအစား ၄ မျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မီးလောင်မှု ၆ မျိုးရှိပြီး ထို ၆ မျိုးကို ပေါင်းလိုက်ရင်ဖြင့် ၄ မျိုးသာဖြစ်ပါကြောင်း၊ ထို ၄ မျိုးမှာ ရိုးရိုးမီးလောင်မှု၊ လောင်စာဆီမီးလောင်မှု၊ ရေနှင့် ရောစပ်တဲ့လောင်စာဆီနှင့် ရေနှင့် မရောစပ်တဲ့လောင်စာဆီဟူ၍ ၂ မျိုးခွဲခြား ထားပါကြောင်း၊ ဓာတ်ငွေ့မီးလောင်မှု၊ သတ္ထုမီးလောင်မှုဟူ၍ ၂ မျိုးရှိပါကြောင်း၊ အဓိကကတော့ ဘာကြောင့်မီးလောင်လဲဆိုရင် ပေါ့စလို့မီးလောင်တယ်၊ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအပေါ်မှာ သတိမမူလို့ဖြစ်ပါကြောင်း၊ မီးလောင်မှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးသတ်ဦးစီးဌာန၏ မူဝါဒလည်းရှိပါကြောင်း၊ အိမ်တိုင်းမီးသတ်ဆေးဘူးထားရှိရေး စီမံချက် အနေဖြင့် နေအိမ်တိုင်းမှာ မီးသတ်ဆေးဘူးထားရှိမည်ဆိုလျှင် မီးစတင်လောင်ကျွမ်းတဲ့အချိန်မှာ ဘယ်လိုမီးအတန်းစား အကုန်လုံးနီးပါးကို မီးသတ်ဆေးဘူးက ငြိမ်းသတ်လို့ရနိုင်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။


မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များ အတွက် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စည်သူလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)