သိန္နီမြို့၌ ကျား၊ မ အခြေပြု အကြမ်းဖက်မှု(၅)မျိုး အကြောင်းအသိပညာပေးဆွေးနွေးပွဲ (Talk Show) ရိုက်ကူးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့၌ ကျား၊ မ အခြေပြု အကြမ်းဖက်မှု(၅)မျိုး အကြောင်းအသိပညာပေးဆွေးနွေးပွဲ (Talk Show) ရိုက်ကူးခြင်းဆောင်ရွက်


MNP   -  ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ Lin Latt Women Organizational အဖွဲ့တို့ပူးပေါင်း၍ ကျား၊ မ အခြေပြုအသိပညာပေးဆွေးနွေးပွဲ (Talk Show) ရိုက်ကူးခြင်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က အသိပညာပေး (Talk Show) ရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လားရှိုးမြို့နယ် Lin Latt Women Organizational အဖွဲ့ ဉက္ကဌ ဒေါ်ထန်ရာက ကျား၊ မ အခြေပြုအကြမ်းဖက်မှု(၅)မျိုးနှင့်ပတ်သက်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လူမှုစီးပွားရေးဆိုင်ရာအကြမ်းဖက်မှုများ၊ အန္တရာယ်ရှိသောရိုးရာဓလေ့ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် (Talk Show) အစီအစဉ်များရိုက်ကူးကာ သိန္နီမြို့နယ်ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Hseni Page တို့တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)