နွေစပါးတင်း ၁၂၀အထက် ထွက်ရှိ​ရေး​ ဆောင်ရွက်ရမည့် သိပ္ပံနည်းကျစို က်ပျိုးနည်းစနစ်များ အကြောင်း အသိပညာ​ပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေစပါးတင်း ၁၂၀အထက် ထွက်ရှိ​ရေး​ ဆောင်ရွက်ရမည့် သိပ္ပံနည်းကျစို က်ပျိုးနည်းစနစ်များ အကြောင်း အသိပညာ​ပေး Talk Show ပြုလုပ်


MNP   -  ဖေ​ဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Center ခန်းမတွင်​ နွေစပါးတင်း ၁၂၀အထက် ထွက်ရှိ​ရေး​ဆောင်ရွက်ရမည့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များအ​ကြောင်း အသိပညာ​ပေး Talk Show ကို ယ​နေ့နံနက် ၁၀နာရီချိန်က ပြုလုပ်ခဲ့​ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်​အေးမြင့်စန်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး​ရွှေဘိုခရိုင် စိုက်ပျိုး​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ဇာဇာမင်းက​ရွှေဘိုခရိုင်သည် စိုက်ပျိုး​ရေးကို အ​ခြေခံသည့်​ဒေသဖြစ်​သော်လည်း စပါးသီးနှံကို အဓိက စိုက်ပျိုးသည့်​အတွက်၊ ​နွေစပါးတင်း ၁၂၀အထက် ထွက်ရှိ​ရေး သိပ္ပံနည်းကြ စိုက်ပျိုးနည်းစနစ် (၁၄)မျိုးအ​ကြောင်းကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင် စဥ်ဆက်မပြတ် စီစဉ်တင်ဆက်​ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)