MNP - ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကလေးငယ်များ၏ အခွင့်အရေးများကို မိဘပြည်သူများ သိရှိပြီး ကာကွယ်စောင့်ရှောက်ကြရန်နှင့် အသိညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စန်းစန်းဝင်းနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဝင်းမြတ်မူဝင်းထက်တို့က ကလေးသူငယ်များ ရရှိရထိုက်သော အခွင့်အရေးများ၊ အခြေခံ အခွင့်အရေးများ၊ ပြဋ္ဌာန်းချက်များ၊ ဥပဒေများ၊ နိုင်ငံတော်မှ ဆောင်ရွက်ချက်များ၊ အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကလေးသူငယ်များ အခွင့်အရေးများကို ပြည့်ဝစွာ ရရှိနိုင်ရေးအတွက် မြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များကို အသီးသီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဒိ
https://t.me/MyanmarNationalPost
No comments:
Post a Comment