တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ


MNP   -    ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။


အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ချစ်ထက်က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးလောင်မှု မဖြစ်ပွားစေ ရေး ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို အကျယ်တဝံ့ အသိပညာပေးဆွေးနွေးသည်။


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များကို ကျင်းပဆောင်ရွက်လျက်ရှိပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုလေ့လာ နိုင်ရေးအတွက် တိုက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာတွင်လည်း ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။


စန်းကလျာခိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)