မိုးကုတ်မြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အကြောင်း အသိပညာပေး (Talk Show ) ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အကြောင်း အသိပညာပေး (Talk Show ) ဆွေးနွေးပွဲ ကျင်းပ


MNP   -    ဖေဖော်ဝါရီ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၁၀၈) နှစ်မြောက် မြန်မာနိုင်ငံကလေးများနေ့အကြောင်း အသိပညာပေး (Talk Show )‌ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ကလေးများနေ့ အသိပညာပေး (Talk Show) ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းခွာညိုနှင်းက ယနေ့သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်မြောက် မွေးနေ့ဖြစ်ပြီး   မြန်မာနိုင်ငံကလေးများနေ့အဖြစ်  သတ်မှတ်ထားခဲ့တာဖြစ်ကြောင်း စတင်ဆွေးနွေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှု၊ ခေါင်းဆောင်ကောင်းပီသမှုများနှင့် နိုင်ငံချစ်စိတ်များကို ကလေးများ စံနမူနာယူတတ်စေရန် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုနဲ့လွတ်လပ်ရေး အရယူပေးခဲ့ခြင်းများကို သိရှိအမှတ်ရပြီး လွတ်လပ်ရေး အရှည်တည်တံ့စေဖို့ လက်ဆင့်ကမ်းတာဝန်ယူတတ်ရန် မိဘဆရာသမားများမှ ကလေးများအား ပြုစုပျိုးထောင်သွားရန် လိုအပ်ကြောင်း  အပြန်အလှန် ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရသည်။


နန်းခွာညိုနှင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)