MNP - ဖေဖေါ်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြို့တင်ကာကွယ်ရေးအသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်၊
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက TalkShow ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းမှူးဦးရဲလင်းထွန်းက ဌာနဆိုင်ရာ၊ ရုံးများတွင် အများဆုံးဖြစ်ပွားတတ်သည့် လျှပ်စစ်ဝါယာကြိုးများမှတစ်ဆင် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီးသတ်ဆေးဘူးများထားရှိရေး၊ မီးချိတ်၊ မီးကပ်၊ ရေသဲများ၊ အဆင်သင့် ဖြစ်စေရေး၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် အထူးဂရုပြုလိုက်နာဆောင် ရွက်ရန်၊လျှပ်စစ်မီး၊ ထင်းမီးများအသုံးပြုရာတွင် လိုက်နာရမည့်နည်းလမ်းများ၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment