ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့ (Task Force) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့ (Task Force) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP  -   ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့တို့ တွေ့ဆုံ၍ မွေးမြူရေးမှိုများ စနစ်တကျ စိုက်ပျိုးထုတ်လုပ်၍  မှိုနှင့်သက်ဆိုင်သော တန်ဘိုးမြှင့်ကုန်ချောများ ထုတ်လုပ်၍ MSME လုပ်ငန်းများအတွက် အထောက်အကူပြု ကုန်ကြမ်းထုတ်လုပ်နိုင်ရေးအား အထူးအလေးထားကာ  အာဟာရပြည့်ဝ၍ ဓါတုဓါတ်ကြွင်းကင်းစင်သော ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့ (Task Force) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် (၁)နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက  မှို စိုက်ပျိုးထုတ်လုပ်မှု ပါတ်သက်၍ နည်းပညာပေးခြင်း၊ မှိုမျိုးများ စဉ်ဆက်မပြတ်ထုတ်လုပ်ခြင်း၊ မှိုမျိုးများ ဖြန့်ဖြူးခြင်း၊ မှိုစိုက်ပျိုးမှု အသိပညာနှင့် ထုတ်လုပ်မှု၊ စားသုံးမှု ကဏ္ဍတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ မှိုကဏ္ဍအတွက် လိုအပ်သော သုတေသနလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်းအတွက် အသုံးစရိတ်ကို ကိုင်တွယ်စရိတ်၊ လုပ်အားခ၊ လုပ်ငန်းသုံးမှ တွက်ချက်တောင်းခံ သုံးစွဲပြီး၊ ဝင်ငွေပြန်လည်ရရှိရေး ဆောင်ရွက်ခြင်း စသော လုပ်ငန်းများကို ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။


ဆက်လက်ပြီး ဒု-တိုင်းဒေသကြီးဦးစီမှူး၊ ဦးအောင်ကြည်ဝင်းက မှိုစိုက်ပျိုးထုတ်လုပ်မှုသည် သီးနှံတစ်မျိုးအနေဖြင့် ရေရှည်တွင် အကျိုးအမြတ် ပိုမိုရရှိပြီး လူကြီး၊ လူငယ် ကျား/မ မရွေး ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်သောကြောင့် မှိုစိုက်ပျိုးနည်းပညာများ ပိုမိုပြန့်ပွားရေး ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဦးထွန်းရှိန်က မှိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး နည်းပညာများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။


ယင်းနောက် မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာမြို့နယ်ဦးစီးမှူးရုံး အနေဖြင့် မှိုမျိုးစေ့ ထုတ်လုပ်ရေး သုတေသနဆောင်ရွက်ခဲ့ပြီး ဒေသနှင့်ကိုက်ညီကာ ငွေနှင်းမှိုမျိုးများ ထုတ်လုပ်ခဲ့ရာ အောင်မြင်မှု ရှိလာသည့်အတွက် မှိုစိုက်ပျိုးထုတ်လုပ်ရေး စီးပွားဖြစ် ဆောင်ရွက်မည့် လုပ်ငန်းရှင်များ၊ တပိုင်တနိုင် စိုက်ပျိုးလိုသည့် တောင်သူများနှင့် အိမ်ခြံဝန်း အပိုဝင်ငွေအဖြစ် စိုက်ပျိုးနိုင်ရေး နည်းပညားပေး ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း မှိုမျိုးစေ့ထုပ် (၃၀၀၀)ကို ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ၇၀၀၀ထုပ် ဖြန့်ဖြူးရန် ရည်မှန်းထားကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်ပြီး မှိုစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင်နှင့် တက်ရောက်လာသော လုပ်ငန်းအဖွဲ့ဝင်များမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြေားကြားခဲ့ပြီး အစည်းအဝေးကို ညနေ (၄)နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)