ထန်တလန်မြို့ အမက(၂)စာသင်ကျောင်းနှင့် TBC ခရစ်ယာန်ကျောင်း အတွင်း စခန်းချ၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော CDF/PDF တို့၏ စခန်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်တလန်မြို့ အမက(၂)စာသင်ကျောင်းနှင့် TBC ခရစ်ယာန်ကျောင်း အတွင်း စခန်းချ၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော CDF/PDF တို့၏ စခန်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



MNP ၊ ဖေဖော်ဝါရီ ၁၄

ချင်းပြည်နယ်၊ ထန်တလန်မြို့ အမက(၂)စာသင်ကျောင်းနှင့် TBC ခရစ်ယာန်ကျောင်း အတွင်း စခန်းချ၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော CDF/PDF တို့၏ စခန်းနှင့်အတူ လက်နက်ခဲယမ်းများအား ယမန်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထန်ထလန်မြို့အတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်လျက်ရှိပြီး ချင်းပြည်နယ်အတွင်း CNF / CNA သည် နိုင်ငံရေးပြောင်းလဲမှုကို အသုံးချပြီး ဒေသခံလူငယ်များအား သွေးထိုးမြှောက်ပင့်ပေးကာ ထိုလူငယ်များမှ တစ်ဆင့် မြို့နယ်အသီးသီးမှ လူငယ်များအားစည်းရုံး၍ အခြေခံစစ်ပညာများသင်ပေး၊  လူသစ်များစုဆောင်းခြင်း၊ အမှုဖြင့်ထွတ်ပြေး တိမ်းရှောင်သူများအား ခိုလှုံခွင့် ပေးထားခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ ဖမ်းဆီးခေါ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်းတို့နှင့် ခဲယမ်းစုဆောင်နိုင်ရေးတို့အား ကူညီပေးခြင်း၊ CDF/PDF အကြမ်းဖက်လူငယ်များအား ဦးဆောင်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးတို့အား CNF အဖွဲ့မှ ခေါင်းဆောင်များကိုယ်တိုင် နောက်ကွယ်မှ လည်းကောင်း၊ ကိုယ်တိုင်ပါဝင်၍လည်းကောင်း ဆောင်ရွက်နေကြောင်းလည်း   သိရသည်။

နိုင်ငံရဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်အတွက် CNF / CNA အကြမ်းဖက်များသည် အနာဂတ်ရင်သွေးများ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ရည်ရွယ်ချက်များဖြင့် ကျောင်းသား/သူ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများ၏ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အခြပြု၍  အကြမ်းဖက်လုပ်ကိုင်နေကြောင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို လိုလားသော ပြည်သူများ၏ သတင်းပေးချက်များအရ ထန်ထလန်မြို့အတွင်း အကြမ်းဖက်ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ ထန်တလန် မြို့အတွင်း အမက(၂)စာသင်ကျောင်းတွင်း CDF/PDF အကြမ်းဖက် ၂၀ ဦးခန့်နှင့် TBC ခရစ်ယာန်ကျောင်းတွင် CDF/PDF အကြမ်းဖက် ၄၀ ဦးခန့် အခြေပြု၍ အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရှိရ၍  လုံခြုံရေးအဖွဲ့ဝင်များမှ  သွားရောက် ရှင်းလင်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး  CDF/PDFများ အခြေပြုနေသော စခန်းများအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း  အမက(၂)စာသင်ကျောင်းရှိ CDF/PDF အကြမ်းဖက်စခန်း ၁ ခု၊ TBC ခရစ်ယာန်ကျောင်းရှိ CDF/PDF အကြမ်းဖက်စခန်း  ၁ခု၊ ပြောက်ကျားယူနီဖောင်းဝတ် ကျားအလောင်း  ၂ လောင်း၊ R-98 အမျိုးအစား ရိုင်ဖယ်သေနတ်(မှန်ပြောင်းပါ )၁ လက်၊  ကျည်အိမ်  ၁ ခု၊  (ပွိုင့် ၃၀ -ကျည်) ၃ တောင့်၊ KIA ထုတ် ၄၀ မမသေနတ် ၁ လက်၊ AK-47 ပုံစံ ၁ လက် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)