သံတွဲမြို့ရှိ THANTWE MARINE PRODUCTS ကုမ္ပဏီ၏ ငါးအအေးခန်းနှင့် ရေခဲစက်ရုံအား ကြည့်ရှုစစ်ဆေး၊ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့ရှိ THANTWE MARINE PRODUCTS ကုမ္ပဏီ၏ ငါးအအေးခန်းနှင့် ရေခဲစက်ရုံအား ကြည့်ရှုစစ်ဆေး၊ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်


MNP ၊ ဖေဖော်ဝါရီ   ၂၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ THANTWE MARINE PRODUCTS ကုမ္ပဏီ၏ ငါးအအေးခန်းစက်ရုံနှင့် ရေခဲစက်ရုံအား ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေး၍ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဦးစွာ THANTWE MARINE PRODUCTS ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာက ကုမ္ပဏီပိုင် ငါး/ပုစွန်ဖမ်း သင်္ဘောများဖြင့် သဘာဝပင်လယ်ပြင်မှ ဖမ်းယူရရှိသော ငါး/ပုစွန်/ဂဏန်းပျော့များအား အအေးခန်းစက်ရုံသို့ တင်ပို့သိုလှောင်ထုပ်ပိုးထားရှိမှု၊ အခြားပုစွန် ဖမ်းသင်္ဘောများမှ ပုစွန်များဝယ်ယူ၍ ကုန်ချောထုတ်လုပ်ပြီး Export ပြုလုပ်နေမှု၊ ရေသန့်ရေခဲစက် ထုတ်လုပ်ထွက်ရှိမှုနှင့်  ထုတ်လုပ်ရရှိသည့်ရေခဲများကို ဖြန့်ဖြူးပေး လျက်ရှိမှု၊ တောင်ကုတ်မြို့နယ်၊ အဘေကျေးရွာ၌ ဂဏန်းပျော့မွေးမြူရေး ကောင်ရေ ၇၀၀၀၀၀ ခန့် မွေးမြူဆောင်ရွက်ထားရှိမှု၊ ငါး၊ ပုစွန်၊ ဂဏန်းပျော့ ကုန်ချောများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမှု၊ ဒေသခံပြည်သူများအား အလုပ် အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးထားနိုင်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး အအေးခန်းစက်ရုံအတွင်း ငါး၊ ပုစွန်၊ ဂဏန်းပျော့ ထုပ်ပိုးသိုလှောင်ထားရှိမှု အခြေအနေ များကို လိုက်လံရှင်းလင်းပြသသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)