MNP ၊ ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျက ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ(U&P) ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ဦးကျော်ဇေယျက "ပြည်သူ့ရှေဆောင်ပါတီ(PPP) မှ ထွက်ခွာလာကြသည့် ပါတီနိုင်ငံရေးအား အထူးစိတ်ဝင်စား တက်ကြွပါသော လူငယ် မောင်/မယ်များအား အခြေခံ၍ ကျွန်တော်ကိုယ်တိုင် ပါတီတစ်ခုအား ဖွဲ့စည်းတည်ထောင် သွားပါမည်။ စစ်မှန်သော ဒီမိုကရေစီ,ရရှိရန်အတွက် အကြမ်းမဖက်၊ အတည်ပြုဆဲဖြစ်သည့် အခြေခံဥပဒေကြီးကို တိကျစွာ လေးစားလိုက်နာကာ ပညာသားပါပါ ဆောင်ရွက်နိုင်မှသာ အောင်မြင်လာမည် ဟု ခံယူထားပါသည်။ ယနေ့ မြန်မာ့နိုင်ငံရေးလောကသားများ အနေဖြင့် ပါတီနိုင်ငံရေးလုပ်ပြီ ဟေ့ ဆိုတာနဲ့ မြန်မာ့ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်ဆောင်ရွက်ရာမှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းအား အဓိကထား ဉာဏ်ရည်ကစားကြရမည် ဆိုတာကို အားလုံးကပင် သိရှိထားကြပြီး ဖြစ်ကြပါသည်၊ ထို့ကြောင့် လက်တွဲကာ ညီညွတ်ပေါင်းစည်းကြရပါမည်၊ ဒီမိုကရေစီအား ချစ်မြတ်နိုးသူ၊ အမှန်တရားအား လက်ကိုင်ထားသူ ပြည်သူလူထုအပေါင်းမှ ဒီအချိန်မှာ တည်ဆဲဥပဒေဘောင်အတွင်းက ဘာမှမလုပ်ကြဘဲ လက်ပိုက်ကာထိုင်ကြည့်နေကြရင်ဖြင့် ဒိုင်စားဖို့ရာအဆင်သင့် ဖြစ်သွားမှာ အလွန်သေချာပါသည် ခင်ဗျာ၊ မိမိကိုယ်တိုင် တည်ဆဲဥပဒေဘောင်အတွင်းက လုပ်နိုင်တာကို လုပ်သင့်ပါလျက်နဲ့ မလုပ်လိုက်ဘဲ ထိုင်ကာကြည့် နေကြမည်ဆိုရင်ဖြင့် မြန်မာပြည်ကြီးမှာ အာဏာရှင်/အာဏာရူး ဆိုသည်များက လွန်စွာပင် သဘောကျကာ ပျော်ရွှင်၍ နေကြပါလိမ့်မည်၊ ပြည်ထောင်စုကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် က ပထမဦးဆုံး ငြိမ်းချမ်းဖို့/ ညီညွတ်ကြဖို့ အလျင်လိုအပ်သည် ဆိုတာကို အားလုံးကပင် သိကြပါသည် ခင်ဗျား၊ ဒါ့ကြောင့် ကျွန်တော်တို့ပါတီကို "ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ(U&P)ဟု အမည်အား လျာထားခဲ့ပါသည်ခင်ဗျာ၊ အကြံပေးနိုင်ရေး မေတ္တာရပ်ခံပါသည်။ မိဘပြည်သူ၊ချစ်မိတ်ဆွေ အပေါင်းတို့မှ လူအား/ငွေအား ပစ္စည်းအားများဖြင့် ဝိုင်းဝန်းကာ ကူညီဆောင်ရွက် ပေးကြပါရန် လေးစားစွာ ဂါရဝပြု တင်ပြအပ်ပါသည်။" ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာမှ ပူးပေါင်းဆောင်ရွက်လိုသူများကို ဖိတ်ခေါ်ထားသည်။
ဦးကျော်ဇေယျသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေစဉ်က ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ထောက်ပြဝေဖန်မှုများစွာ ပြုလုပ်ခဲ့ခြင်းကြောင့် NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲ ကာလတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နှင့် လက်တွဲခဲ့သူ ဖြစ်သည်။
#MyanmarNationalPost
No comments:
Post a Comment