ဗီယင်နာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများနှင့် UNODC အမှုဆောင်ညွှန်ကြားရေးမှူး တို့၏ ဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယင်နာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများနှင့် UNODC အမှုဆောင်ညွှန်ကြားရေးမှူး တို့၏ ဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက်

 




MNP ၊ ဖေဖော်ဝါရီ ၆

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အမှုဆောင်ညွှန်ကြားရေးမှူး Ms. Ghada Waly နှင့် အဆိုပါရုံးတွင် ဖွဲ့စည်းထားသော ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများ၏ FINGOV (Open-ended intergovernmental working group on improving the governance and financial situation) တို့အကြား ဆွေးနွေးပွဲကို  Vienna International Centre ၌ ၂-၂-၂၀၂၃ ရက်တွင် ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်များ၊ ဘာသာရပ်တာဝန်ခံများနှင့်အတူ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ သံမှူး ဦးရဲမောင်သိမ်း တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် FINGOV အဖွဲ့ကိုယ်စား ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဂါနာအမြဲတမ်းကိုယ်စားလှယ် H.E. Mr. Philbert Abaka Johnson က moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ UNODC အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည့် အောင်မြင်မှုများ၊ ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ UNODC ၏ အခန်းကဏ္ဍ၊ စံတန်ဖိုးများနှင့် ရည်မှန်းချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်များ၊ ဘဏ္ဍာရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အလှူရှင်နိုင်ငံများ၏ ထည့်ဝင်မှုနှင့် ၎င်းတို့၏ ဦးစားပေး ဒေသ/နိုင်ငံများရှိ စီမံကိန်းများကို အကောင်အထည်ဖော်မှု၊  ဝန်ထမ်းရွေးချယ်ခန့်အပ်မှုများတွင် ဒေသခွဲ အားလုံးကို ကိုယ်စားပြုသည့် ကျွမ်းကျင်သူများ ပါဝင်ပြီး ကျား-မ တန်းတူညီမျှစွာ ခန့်ထားရေး၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများက မေးမြန်းသည့် မေးခွန်းများ၊ အကြံပြုချက်များအား အမှုဆောင်ညွှန်ကြားရေးမှူးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။

FINGOV အဖွဲ့သည် UNODC၏ အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျား-မ တန်းတူညီမျှမှုရှိရေး၊ မူဝါဒများနှင့်အစီအစဉ်များ၊ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများနှင့်ပတ်သက်၍ ဆောင်ရွက်သော အဖွဲ့ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)