ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးလျက်ရှိ

41

42

43

44


MNP  -    ဖေဖော်ဝါရီ      ၁

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၃)နာရီအထိ အသံတိတ်သပိတ် (Slience Strike)ပြုလုပ်ရန် လှုံ့ဆော်မှုများ ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအနေဖြင့် မြို့တွင်းခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ပုံမှန်ပြေးဆွဲပေး လျက်ရှိကြောင်းနှင့် မြို့တွင်းခရီးသွားပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ သွားလာလျက်ရှိကြောင်း သိရသည်။


လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် YBS ယာဉ်လိုင်းပေါင်း (၁၁၇)လိုင်း ယာဉ်အစီးရေ (၃၂၆၃)စီးဖြင့် ခရီးသွားပြည်သူ (၁၃)သိန်းကျော်ကို နေ့စဉ် နံနက်(၅)နာရီကနေ ည(၈)နာရီ အချိန်အထိ ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages