မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

004

MNP ၊ မတ် ၂၄

မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌဖြစ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံတွင် အမှန်တကယ် အကူအညီလိုအပ်နေသည့် ပြည်သူများအတွက် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရန် လိုအပ်ချက် ဆန်းစစ်မှုလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ကြားကာလ အကူအညီပေးအပ် ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ထိရောက်၍ လုံခြုံမှုရှိသော မြေပြင်လုပ်ငန်းများ အတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေး၌ အာဆီယံတူညီဆန္ဒ၏ စတုတ္ထအချက်ဖြစ်သည့် လူသားချင်း စာနာမှုအကူအညီပေးအပ်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ကတိကဝတ်အပေါ် ထပ်လောင်း အတည်ပြုခဲ့ကြပြီး အကူအညီလိုအပ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ရှိရင်းစွဲ ယန္တရားများအကြား ပေါင်းစပ်ညှိနှိုင်းအားကိုလည်း တိုးမြှင့်သွားရန် ဆွေးနွေးခဲ့သည်။


#MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages