တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ



MNP ၊ မတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ (၆)လတာကာလ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။


အခမ်းအနားတွင် သဘာပတိ အောင်မြတ် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ဥက္ကဌ ဦးစိုင်း ထွန်းကျော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားသည်။


ယင်းနောက် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်မင်းက ငွေစုငွေချေးအသင်းများ၏ လုပ်ငန်းဆိုင်ရာများအကြောင်းကို ရှင်းလင်းပြောကြားကာ အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ (၆)လတာကာလ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းကို အတွင်းရေးမှူး ဒေါ်ခင်မာဦးက ရှင်းလင်းတင်ပြ၍ သဘာပတိမှ အတည်ပြုချက်ရယူသည်။


ထို့နောက် အသင်းသားများ၏ သိရှိလိုသည်များနှင့် အကြံပြုချက်ကို ဆွေးနွေးကြပြီး သဘာပတိမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


မင်းလွင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)