MNP - မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နှစ်ကုန် မြို့နယ်စစ်စာမေးပွဲအား ယနေ့ နံနက်(၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများတွင် အေးချမ်းတည်ငြိမ်စွာ ဖြေဆိုပြီးဖြစ်၍ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာဖြင့် နေအိမ်သို့ ပြန်လည်ထွက်ခွာလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်စစ်စာမေးပွဲ၌ Grade-9 တွင်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၃၄ ဦးနှင့် Grade-5 တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၃၀၈ ဦးတို့ ဝင်ရောက် ဖြေဆိုခဲ့ပြီး Grder-9 မေးခွန်းလွှာကို ပြည်နယ်မှ မေးခွန်းထုတ်ကာ Grade-5 မေးခွန်းလွှာကို ခရိုင်မှ မေးခွန်းထုတ်၍ ကွမ်းလုံမြို့နယ်၌ပင် အဖြေလွှာများကို စစ်ဆေးပြီး အောင်စာရင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment