ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တက်ရောက်






MNP ၊ မတ် ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ်၊ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇာတ်တိုက်လေ့ကျင့်ခန်းတွင်ပါဝင်သော တပ်ဖွဲ့/ဦးစီးဌာန၊ အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် သရုပ်ပြအဖွဲ့မှ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြအဖွဲ့ဝင်များအား လမ်းညွှန်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသည့်ဘေးများတွင် မပါဝင်သော်လည်း သတိထားကြိုတင်ပြင်ဆင်သင့်သော ဘေးအန္တရာယ်တစ်ခုကို ပြောပါဆိုရင် ငလျင်ဘေးအန္တရာယ်ကို ပြောရမှာ ဖြစ်ပြီး ငလျင်ဘေးအန္တရာယ်သည် ဖြစ်ပွားလာခဲ့ပါက ထိခိုက်ဆုံးရှုံးမှုအများဆုံးဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်တစ်ခုလည်း ဖြစ်ပါကြောင်း မြန်မာနိုင်ငံရဲ့ အနောက်ဘက် ဟိမဝန္တာတောင်တန်းတစ်လျှောက် တောင်ဘက်မှ မြောက်ဘက်သို့ လှုပ်ရှားနေတဲ့ မြေထုချပ်များ၏ ဆုံချက်နဲ့ အရှေ့အနောက် လှုပ်ရှားနေတဲ့ မြေထုချပ်များ၏ ဆုံချက်တို့ အပြန်အလှန်ထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံဟာ ငလျင်ကြောအရ ရှုပ်ထွေးတဲ့နေရာမှာ တည်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေကြီးခြင်း၊ မုန်တိုင်းနှင့် မီးဘေးအစရှိသည့် အခြားသော ဘေးအန္တရာယ်များနှင့် နှိုင်းယှဉ်ရင် ပြင်းထန်သော၊ ငလျင်လှုပ်ခတ်ခဲ့သော အတွေ့အကြုံမှာ နည်းပါးပြီး ငလျင်များရဲ့ သဘောသဘာဝအရ မုန်တိုင်းနဲ့ ရေကြီးခြင်း ဘေးအန္တရာယ်များကို ကြိုတင်သတိပေးသောစနစ်များ မရှိသေးတဲ့အတွက်ကြောင့် ပြင်းထန်တဲ့ငလျင် လှုပ်ခတ်ခဲ့ရင် လူ့အသက်၊ အိုးအိမ်များနဲ့ စည်းစိမ်ဥစ္စာများ ထိခိုက်ပျက်စီးမှုတို့ကို မလွဲမသွေတွေ့ကြုံခံစားရမှာဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ ပရဟိတကျောင်းများအပါအဝင် စာသင်ကျောင်းများမှာ ပညာသင်ယူနေသော ကျောင်းသူ/ကျောင်းသားများကို ပြင်းထန်တဲ့ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ယခုလို ကန့်သတ်ငလျင်သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ခန်းများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ရန် မွန်ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှာပါဝင်သည့် ပြည်နယ် အဆင့်/ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သရုပ်ပြလေ့ကျင့်ခန်းမှာ ပူးပေါင်းပါဝင် ကူညီပေးကြတဲ့ တာဝန်ရှိသူများ၊ ဆရာ/ဆရာများနဲ့ ကျောင်းသား/ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ​ငလျင်ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသရုပ်ပြအဖွဲ့ဝင်များအား၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။


စည်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)