၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အခမ်း အနားတွင် ပထမဆုရရှိသွားသော မှော်ဝန်းမြေဖူဆယ်ဘောလုံးအသင်းအား ငွေကျပ်သိန်း(၃၀) ချီးမြှင့်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အခမ်း အနားတွင် ပထမဆုရရှိသွားသော မှော်ဝန်းမြေဖူဆယ်ဘောလုံးအသင်းအား ငွေကျပ်သိန်း(၃၀) ချီးမြှင့်ပေးအပ်




MNP   -   မတ်   ၂

ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ရင်းနှီးချစ်ကြည်စွာ တူယှဉ်လက်တွဲ နေထိုင်သွားလာနိုင်ရေးအတွက် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို  ယမန်နေ့ ညနေ(၁၅)နာရီအချိန်က အမှတ်(၂) ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။


အခမ်းအနားတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်လာသော ပဆငအသင်းနှင့် ဟိုက်စွမ်း အသင်းတို့က တတိယနေရာအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ဟိုက်စွမ်ဘောလုံးအသင်းမှ တတိယ ဆုရရှိခဲ့သည်။ ဆက်လက်ပြီး လင်းစတားအသင်းနှင့် မှော်ဝန်းမြေအသင်းတို့က ပထမနေရာအတွက် ယှဉ်ပြိုင် ကစားခဲ့ကြရာ မှော်ဝန်းမြေအသင်းမှ  ပထဆုကို  ထိုက်တန်စွာ ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရသည်။


ထို့နောက် ဖူဆယ်ဘောလုံးပြိုင်ပွဲတစ်လျှောက် ကျန်းမာရေးဝန်ဆောင်မှုပေးသည့် မြို့နယ်ကြက်ခြေ နီအသင်းအား ကျန်းမာရေးဝန်ဆောင်မှု ဂုဏ်ပြုဆုအဖြစ်ငွေကျပ် (၅)သိန်းကိုလည်းကောင်း၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကူညီဆောင်ရွက်ပေးသော ဒိုင်အဖွဲ့အား ဂုဏ်ပြုငွေသားဆု ငွေကျပ် (၁၈)သိန်းကိုလည်းကောင်း၊ ကွာတားအဆင့် တက်ရောက်ခဲ့သည့် အသင်း(၄)သင်းအား တစ်သင်း လျှင် ငွေသားဆုကျပ် (၃)သိန်းစီကိုလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆု၊ ဂိုးသွင်းအများဆုံး ဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများအတွက် ငွေကျပ်(၂) သိန်းစီကို လည်းကောင်း၊ စတုတ္ထရရှိသွားသော ပဆငအသင်းကို ဆုငွေကျပ် (၁၀)သိန်းအားလည်းကောင်း၊ တတိယဆုရရှိသွားသော ဟိုက်စွမ်အသင်းကို ငွေသားကျပ်(၁၅)သိန်းနှင့် ဆုတံဆိပ်၊ ဆုဖလားများကို လည်းကောင်း တာဝန်ရှိသူ အသီးသီးက ဆုများကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။ ယင်းနောက် ဒုတိယ ဆုကို ရရှိသွားသော လင်းစတားအသင်းကို ငွေသားကျပ်သိန်း(၂၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ တစ်ဦးချင်းဆုတံဆိပ်များကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေသလဝကမှူး ဦးမျိုးဇော်သန်း၊ ဒုတိယဆုဖလားကို CID မှ ရဲမှူး မြင့်စိုး တို့ကလည်းကောင်း၊ ပထမဆုရရှိသွားသော မှော်ဝန်းမြေအသင်းကို ငွေသားကျပ်သိန်း(၃၀)အား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်က ချီးမြှင့်ပေးအပ်ခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်များကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီး ညွန့်လွင်ဦး ကလည်းကောင်း၊ ပထမဆုဖလားဒိုင်းကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနား အပြီးတွင် ဆုရဖူဆယ်ဘောလုံး အသင်းသားများနှင့် မှတ်တမ်းတင်ဓာတ်ပုံများကို ရိုက်ကူးခဲ့ကြ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)