ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီး ကျင်းပ





MNP ၊ မတ် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဉီးစီးဌာန ၊ ၂၀၂၃  ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီးအား ယနေ့ မွန်းတည့် ( ၁၂ ) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာသိမ်တော်ကြီး၌ စာမေးပွဲစည်းကမ်းချက်များနှင့်အညီ  ကျင်းပပြုလုပ်လျက်ရှိသည်။


ပြင်ဉီးလွင်မြို့နယ်အတွင်း  ယခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲကြီးတွင် ပထမကြီးတန်း (၆၂  ) ပါး ၊ ပထမလတ်တန်း ( ၇၈ ) ပါး ၊ ပထမငယ်တန်း ( ၁၉၆ ) ပါး နှင့် မူလတန်း ( ၃၃၆  ) ပါး ၊ စုစုပေါင်း ( ၆၇၂ ) ပါး စာရင်းရှိပြီး ( ၂၈ - ၃ - ၂၀၂၃ ) ရက်နေ့တွင် ဝင်ရောက်ဖြေဆိုသည့်  ဆရာတော်  ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ပထမကြီးတန်း ( ၅၄ ) ပါး ၊   ပထမလတ်တန်း ( ၆၄ ) ပါး ၊ပထမငယ်တန်း ( ၁၆၀ ) ပါးနှင့် မူလတန်း ( ၂၆၆ ) ပါး ၊ စုစုပေါင်း ( ၅၄၄ ) ပါး ဖြေဆိုလျက်ရှိကြသည် ။  


ဆက်လက်ပြီး ပြင်ဉီးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက  ဩဝါဒါစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေး ဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ ၊ စာဖြေဆရာတော် သံဃာတော်များ ၊ သီလှရှင်များ နှင့် လူပုဂ္ဂိုလ်တို့အား လှူဖွယ်၀တ္တုများနှင့် အအေးတို့ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အဆိုပါ ၂၀၂၃ ခုနှစ် ၊  အစိုးရပါဠိပထမပြန် စာမေးပွဲကြီးကို ( ၂၈ - ၃ - ၂၀၂၃ ) ရက်နေ့မှ ( ၃ - ၄ - ၂၀၂၃ ) ရက်နေ့အထိ ဆက်လက်ဖြေဆိုမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဉီး၏  ပြောကြားချက်အရ သိရသည်။   


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)