MNP - မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကလေးငယ်များ ရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင် ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က စတင်ကာ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံ/တိုက်ကျွေးပေးသော ကာကွယ်ဆေးအမျိုးအစားများတွင် ဘီစီဂျီ အသည်းရောင် အသားဝါ(ဘီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုပ်ရောင် ပီစီဘီ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦး နှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ဆေး အများပါဝင်သည်။ သိန္နီမြို့နယ်အတွင်း နေထိုင်လျက်ရှိသော မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၂)နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရန် မကျန်ရှိစေရေးအတွက် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နှိုးဆော်ဆောင်ရွက်လျက်ရှိသည်။ မြို့နယ်မိခင် ကလေးကျန်းမာရေးဌာနအနေဖြင့် လစဉ်ပထမပတ်အတွင်း ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment