အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် တက်ရောက်


MNP ၊ မတ် ၃၀

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မတ် ၂၉ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ Hybrid format ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက video conferencing System အသုံးပြု တက်ရောက်ခဲ့ကြပြီး ဖိုရမ်အဖွဲ့ဝင်များဖြစ်သည့်  အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များက In-person  တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့သော ဖိုရမ်၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနောက်ပိုင်းကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေး ကိစ္စရပ် (၅) ရပ် အကောင်အထညဖော်ခြင်းနှင့် စပ်လျဉ်း၍ ဦးစားပေးကိစ္စရပ် တစ်ခုစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အဓိကတာဝန်ယူထားသော  ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ SEANF Annual Plan 2023 အတည်ပြုခြင်း၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) နှင့် SEANF တို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ ASEAN Environmental Rights Framework ရေးဆွဲနိုင်ရေးကိစ္စ၊ Safety of Journalists နှင့်စပ်လျဉ်း၍ Action Plan ရေးဆွဲနိုင်ရေးကိစ္စ၊ သက်ကြီးရွယ်အိုများ အခွင့်အရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာ သဘောတူ စာချုပ်ဖြစ်ပေါ်လာရေးအတွက် Campaign ပြုလုပ်နိုင်ရေးကိစ္စ၊ SEANF ၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် SEANF ၏  (၂၀) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပ နိုင်ရေးကိစ္စ၊ SEANF နှင့် FORUM-ASIA/ ANNI တို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ Sabah ရှိ နိုင်ငံမဲ့ဖြစ်နေသူများ အရေးကိစ္စနှင့်စပ်လျဉ်း၍ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် SEANF နှင့် OHCHR တို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များတို့ကို ဆွေးနွေးခဲ့ကြသည်။


လုပ်ငန်းအဖွဲ့အစည်းအဝေး၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့သောဖိုရမ်၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုကို ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်က ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ဆွေးနွေးသည်။ ထို့နောက်ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသော SEANF ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆)ပါ ဦးစားပေးကိစ္စရပ် အမှတ်(၂)ဖြစ်သည့် "စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့်ကာကွယ်ရန်" ကိစ္စရပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများကို ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ဆွေးနွေးသည်။


ဖိုရမ်၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် လည်းကောင်း၊ (၂၀) ကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လတွင် လည်းကောင်း ကျင်းပသွားရန် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ကနဦးသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)