MNP ၊ မတ် ၂၈
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင်(၇၈)နှစ်မြောက်တပ်မတော် နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈နာရီ အချိန်မှစ၍ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲများအနက် ဘောလီဘောနှင့် ပိုက်ကျော်ခြင်းတို့ကို မတ်လ ၂၄ ရက်နေ့မှစ၍ ကျင်းပခဲ့ပြီး ယနေ့နံနက်တွင် ပိုက်ကျော်ခြင်းနှင့် ဘောလီဘော ဗိုလ်လုပွဲ၊ မီတာ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀အပြေးပြိုင်ပွဲ၊ သံလုံးပစ်နှင့်အလျားခုန်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ စကော ရွက်၊ အပ်ချည်ထိုး၊ မုန့်စားပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
ထို့နောက် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို ရှေ့တန်းအမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment