ပြင်ဦးလွင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်း (၂၂) ခု၌ လမ်းအန္တရာယ် သတိပေးဆိုင်းဘုတ် စုစုပေါင်း (၅၀) စိုက်ထူဆောင်ရွက်သွားမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်း (၂၂) ခု၌ လမ်းအန္တရာယ် သတိပေးဆိုင်းဘုတ် စုစုပေါင်း (၅၀) စိုက်ထူဆောင်ရွက်သွားမည်ဖြစ်




MNP ၊ မတ်  ၁၇

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းများအား ဖြတ်သန်းသွားလာအသုံးပြုနေကြသော ကျေးလက်နေ ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ကျေးလက်လမ်းများတွင် အန္တရာယ်အသိပေး ၊ သတိပေးလမ်းညွှန်ဆိုင်းဘုတ်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်း (၂၂) ခု၌ လမ်းအန္တရာယ်သတိပေးဆိုင်းဘုတ် စုစုပေါင်း (၅၀) စိုက်ထူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မန္တလေး-လားရှိုးလမ်းမှ ဇီးပင်ကြီး မီးသတ်သင်တန်းကျောင်းလမ်း၊ ပြင်စာ- လွန်ကောင်းလမ်း၊ ညောင်နီ- ပိန္နဲကုန်းလမ်း၊ ပိန္နဲကုန်း- အင်းကြီးလမ်း၊ ကံကြီးကုန်း-စည်ကား - ဝါးဘိုးရေလမ်း အစရှိသည့် ကျေးလက်လမ်း ၁၉ ခုအား လမ်းအန္တရာယ် သတိပေး ဆိုင်းဘုတ်များ တပ်ဆင်ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးလက်လမ်းများအားလည်း လျာထားချက်နှင့်အညီ ပြီးစီးအောင် ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆက်လက်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ဖြူလူသစ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)