တပ်ကုန်းမြို့၌ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးအတွင်း ပညာပေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးအတွင်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်


MNP ၊ မတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူများအတွက်  အစားအသောက်ဘေး အန္တရာယ် ကင်းရှင်းရေး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်၍ တပ်ကုန်းမြို့မဈေးအတွင်း ပညာပေး ဆွေးနွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၁ နာရီ က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးသူရဦး၊ ဥတ္တရခရိုင် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများသည် တပ်ကုန်းမြို့မဈေးအတွင်းရှိ သား/ငါးဆိုင်ခန်းများ၊ ကုန်စိမ်းဆိုင်ခန်းများနှင့် ကုန်ခြောက်ဆိုင်ခန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များရောင်းချရေး၊ သစ်သီးဝလံများတွင် ဆိုးဆေးနှင့် ကြာရှည်ခံပစ္စည်းများ အသုံးမပြုရေး၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှုမရှိစေ ရေး၊ သတ်မှတ်ချက် များနှင့်အညီ စနစ်တကျမှတ်ပုံတင်ထားရှိရေးနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားကြ ရန် အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)