ကျိုက်ထိုမြို့၌ စူဠဘွဲ့နှင်းသဘင်နှင့်အစိုးရဓမ္မာစရိယပထမပြန်စာမေးပွဲအောင်မြင်တော်မူသောသံဃာတော်များအားအောင် လက်မှတ်နှင့်လှူဖွယ်ဝတ္တုဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ စူဠဘွဲ့နှင်းသဘင်နှင့်အစိုးရဓမ္မာစရိယပထမပြန်စာမေးပွဲအောင်မြင်တော်မူသောသံဃာတော်များအားအောင် လက်မှတ်နှင့်လှူဖွယ်ဝတ္တုဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ





MNP ၊ မတ် ၂၇

   မွန်ပြည်နယ် ၊ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့ ၌စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အစိုးရ ဓမ္မာစရိယ ပထမပြန် စာမေးပွဲတွင်ဖြေဆိုအောင်မြင်တော်မူကြသည့် သံဃာတော်(၂၄)ပါးတို့အားစာအောင်လက်မှတ်နှင့်လှူဖွယ်ဝတ္တုဆက်ကပ်ခြင်းအခမ်းအနားကို သာသနာတော်သက္ကရာဇ် ၂၅၆၆ ခု မြန်မာသက္ကရာဇ် ၁၃၈၄ ခု မတ်လ၂၇ ရက်နေ့လည် ၁ နာရီတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။


    အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ကံကြီးဝိုင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုဇာတထံမှငါးပါးသီလခံယူတည်ဆောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မဟာမရမ်းချိုဘေးမဲ့တောရကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ အာစာရ ထံမှ ဩဝါဒကထာချီးမြှင့်မှုကိုခံယူကာ ကျိုက်ပေါလောမှဲ့ရှင်တော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဌ ဦးမြင့်လွင်မှသာသနာရေးဆိုင်ရာများလျှောက်ထာခဲ့သည်။


     ယင်းနောက်ဆရာတော်ကြီးများထံ နဝကမ္မ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း ၍ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများကို ကျိုက်ထိုခရိုင်

စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်နိုင်ထွန်းနှင့်အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များကဆက်ကပ်လှူဒါန်းရာ ဘုရားသုံးဆူတောင်ပေါ်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တမှရေစက်သွန်းချအနုမောဓနာတရားချီးမြှင့်ပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆို ဆုတောင်း ၍ရုတ်သိမ်းခဲ့ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)