ကျောက်ကြီးမြို့နယ်၌ (၂၅)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲများဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ (၂၅)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲများဖြေဆို


MNP ၊ မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေးတည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကိုနှစ်စဉ်ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ကသစ်ဝိုင်ဓမ္မရိပ်သာ၌ ယနေ့ မွန်းတည့် ၁၂ နာရီ မှ စတင်၍ ပါဠိပထမပြန် (အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ မူလတန်း)စာမေးပွဲများကိုဖြေဆိုလျက်ရှိကြောင်း သိရသည်။


၂၀၂၃ ပါဠိပထမပြန် စာမေးပွဲတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စာဖြေသံဃာ ပထမကြီးတန်း ၅ ပါး၊ ပထမလတ်တန်း ၂ ပါး၊ ပထမငယ်တန်း ၁၅ ပါး၊ အခြေပြုမူလတန်း ၇ ပါး၊ စုစုပေါင်း စာရင်းပေးစာဖြေ သံဃာ(၂၉)ပါးရှိရာ စာဖြေ သံဃာ(၂၈)ပါး ဝင်ရောက်ဖြေဆိုပြီး ပထမငယ်တန်း(၁)ပါး ပျက်ကွက်ရှိပြီး  အခြေပြုမူလတန်း ၄ ရက်၊ ပထမငယ်တန်း ၅ ရက်၊ ပထမလတ်တန်း ၆ ရက်၊ ပထမကြီးတန်း ၇ ရက် ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။


စာဖြေ သံဃာတော်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးခြင်း၊ Mask နှာခေါင်းစီးများတပ်ဆင်ပေးခြင်း၊ လက်သန့်ဆေးရည်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးခဲ့ ကြသည်။


အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့ မှ ဧပြီလ ၃ ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီ မှ ညနေ ၃ နာရီအထိ ဖြေဆိုကြမည်ဖြစ်ပြီး စာဖြေသံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးကဲများ၊ မြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)