MNP ၊ မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကာလမီးသတိပြုရန်နှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ယမန်နေ့နံနက်(၉:၄၅)အချိန်က မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝန်းတွင် ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးဇင်မင်းနှင့်တာဝန်ရှိသူများက မြို့နယ်လျှပ်စစ်မန်နေဂျာ ရုံးဝန်ထမ်းများအား မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းလမ်းများကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဗူးများစနစ်တကျထားရှိမှု ရှိမရှိအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးသတ်ခြင်းနည်းလမ်းများကို လက်တွေ့သရုပ်ပြခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝန်ထမ်းများက လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သီတာအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment