MNP - မတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဦးက ကလေးသူငယ်များအား အကြမ်းဖက်ခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးသန်းဇော်လင်းက ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ (၂၀၁၉ခုနှစ်) ဥပဒေမှ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက် ခြင်းများ၊ ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ် သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က လူငယ်နှင့် စာရိတ္တအကြောင်း ပြောကြားကာ တက်ရောက်လာကြသူ များက ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များအား ကြည့်ရှုပြီး မိမိ ကြိုက်နှစ်သက်ရာ စာအုပ်များအား ငှားရမ်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မိုင်းခတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးသန်းဇော်လင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စ စာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment