MNP ၊ မတ် ၂၉
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဖွဲ့စည်းထားသော စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ ဦးဆောင်၍ စာဖတ်ဝိုင်းများအား လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ အငယ်တန်းစာရေး (အင်အားပြ) ဒေါ်စိုးမို့မို့ဌေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောပြပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ ဒေါ်သီရိထွန်းက စာမျက်နှာ ၂၆ ပါ အတိတ်ကအောင်မြင်မှုကို အသိအမှတ်ပြုပေးပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အင်ကြင်းနိုင်က စာမျက်နှာ ၂၉ ပါ အနာဂတ်ကို ဆီးကြိုနိုင်ဖို့ အတိတ်ကို ပြည့်စုံအောင် ဖြည့်ပေးပါ ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြပြီး သိရှိလိုသည်များအား ပြန်လည်မေးမြန်းကြရာ အငယ်တန်းစာရေး (အင်အားပြ) က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပိုပိုအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment