အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆို





MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော  ပါဠိပထမပြန်စာမေးပွဲကို မြတ်စွယ်တော်ဓမ္မာရုံ၌ ယနေ့နေ့လယ်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီ အထိ ကျင်းပလျက်ရှိကြောင်းသိရသည်။


ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် သံဃာ/လူ ပထမကြီးတန်း (၄)ပါး၊ ပထမလတ်တန်း(၃)ပါး၊ပထမငယ်တန်း(၄)ပါး၊အခြေပြုမူလတန်း(၁၂)ပါး ရှိသည့်အနက် (၂၀)ပါးဖြေဆိုခဲ့ပြီး ပျက်ကွက် (၃)ပါးရှိကြောင်း မြို့နယ်သာသ နာရေးဦးစီးဌာနမှသိရသည်။


ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာ တွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)