MNP ၊ မတ် ၃၀
သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန် စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းက ကဒါရပ်ကွက်သာသနာ့ဗိဗာန်တော်ကြီးအတွင်း၌ တတိယနေ့ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က စာဖြေသံဃာတော်များ လိုက်နာရမည့် စည်းကမ်းချက်များကို လျောက်ထားခဲ့သည်။အဆိုပါ ပါဠိပထမပြန် စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့်မြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ စာဖြေသံဃာတော်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့တတိယနေ့စတင်ဖြေဆိုသည့် ပါဠိပထမပြန်စာမေးပွဲသို့ စာရင်းသွင်း သံဃာတော် နှင့် သီလရှင်
(၂၄၁)ပါးတွင် လာရောက်ဖြေဆိုသည့် စာဖြေသံဃာတော်(၁၈၃)ပါး၊ ပျက်ကွက် (၅၈) ပါးနှင့် ကြီးကြပ်ဆရာတော် (၁၇) ပါးတို့ဖြင့် ကျင်းပဆောင် ရွက်ခဲ့ကြသည်။ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)ကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ (၃) ရက်နေ့ထိ (၇)ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment