မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းမတည်ငွေများအား ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ စီမံကိန်းကျေးရွာ(၃)ရွာသို့ ချေးငွေများ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းမတည်ငွေများအား ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ စီမံကိန်းကျေးရွာ(၃)ရွာသို့ ချေးငွေများ လွှဲပြောင်းပေးအပ်




MNP ၊ မတ် ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ မတည်ငွေများအား ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ စီမံကိန်းကျေးရွာ(၃)ရွာရှိ ငါးလုပ်ငန်းလုပ်ကိုင်သူ ပြည်သူများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ စီမံကိန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်မောင်ရွှေမှ စီမံကိန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကျေးရွာစီမံကိန်း ကြီးကြပ်ရေးကော်မတီများထံသို့ မတည်ရန်ပုံငွေများကို လွှဲအပ်ပေးကြပြီး ကျေးရွာစီမံကိန်းကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေမှ ကျေးဇူးတင်စကားပြောကြားသည်။


ယနေ့ကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် မြေပုံမြို့နယ်မှ ငါးလုပ်ငန်းအဓိကလုပ်ကိုင်သော ကျေးရွာ(၃)ရွာသို့ တစ်ရွာလျှင်မတည်ရန်ပုံငွေ ကျပ်သိန်း (၆၀၀)စီ လွှဲပြောင်းပေးအပ်သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြေပုံမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမ၊ အသေးစား/အလတ်စားကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ငါးကဏ္ဍဆိုင်ရာ စီမံကိန်းကျေးရွာဖြစ်သည့် အငူရွာဟောင်း၊ အုန်းတော၊ ထူးချေကျေးရွာ (၃) ရွာမှ ရန်ပုံငွေကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


တင်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)