MNP ၊ မတ် ၃၀
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ များကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်းသိရသည်။
ဓမ္မာစရိယစာမေးပွဲတွင်ပါဠိဂုဏ်ထူးကိုဖြေဆိုသံဃာ(၃)ပါးကလည်းကောင်း၊ပါဠိပထမပြန် စာမေးပွဲ ပထမငယ်တန်းတွင် အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ် ဖြေဆိုရန်စာရင်းရှိ(၃၉)ပါးရှိသည့် အနက်(၂၉)ပါး ကလည်းကောင်း ၊ အခြေပြုမူလတန်းတွင် အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိသံဃာ(၇၄)ပါးရှိသည့်အနက်(၄၅)ပါးကလည်းကောင်း ၊ ပထမကြီးတန်းတွင် အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိသံဃာ(၇)ပါးရှိသည့်အနက်(၄)ပါးက လည်းကောင်း ၊ပထမလတ် တန်း တွင် အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကို ဖြေဆိုင်ရန်စာရင်းရှိ သံဃာ(၈)ပါးရှိ သည့်အနက် (၃)ပါးဖြေဆို ခဲ့ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ မှသိရသည်။
သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment