MNP - မတ် ၂
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ၂၀၂၃-ခုနှစ်၊မတ်လ၂ရက်နေ့တွင် ကျရောက်သည့်တောင်သူလယ်သမားနေ့ကိုဂုဏ်ပြုသောအားဖြင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား သီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်၈နာရီခွဲက ခအုန်းမော်ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးထွန်းစောမှ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊စိုက်ပျိုးနည်း စနစ်များကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့်တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့နှင့် သီးနှံစိုက်ပျိုးမှုလမ်းညွှန် လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment