ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း (၁၇၆၆၂) ဧက စိုက်ပျိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း (၁၇၆၆၂) ဧက စိုက်ပျိုးပြီးဖြစ်


MNP ၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း (၃၂၉၁၆) ဧက စိုက်ပျိုးရန် လျာထားပြီး နွေနှမ်းများ စိုက်ပျိုးရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ ရေများ ပေးဝေလျက်ရှိရာ ရေရရှိမှုအပေါ် မူတည်ပြီး  (၁၇၆၆၂) ဧက စိုက်ပျိုးပြီးကြောင်းမှ သိရသည်။


နွေနှမ်းသီးနှံများအား တိုက်နယ်(၁)မှ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ရှားပင်၊ ဒွေးလှ၊ အနောက်ငါးဆူ ကျေးရွာအုပ်စုများတွင်(၁၉၃)ဧက၊ တိုက်နယ်(၂)မှ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတောကြီး၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာအုပ်စုများတွင်(၁၂၁)ဧက၊ တိုက်နယ်(၃)မှ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ မြောင်းဦး၊ ပွတ္တိုင်၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများ တွင်(၄၆၀)ဧက၊ တိုက်နယ်(၄)မှ   ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စု များတွင်(၈၄၂)ဧက၊ တိုက်နယ်(၅)မှ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ကြက်မင်းတွန်၊  ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်း ကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင် ကျေးရွာအုပ်စုများတွင် (၄၀၈၂)ဧက၊ တိုက်နယ်(၆)မှ အရှေ့ငယ်တိုး၊ လက်ပန်ဇင်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင်(၇၃၈)ဧက၊ တိုက်နယ်(၈)မှသင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကြောင်း ကျေးရွာ အုပ်စုများတွင်(၁၉၆၉)ဧက၊ တိုက်နယ်(၉)မှ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများတွင်(၉၈၁)ဧက၊ တိုက်နယ်(၁၀)မှ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများတွင်(၆၂၂၃)ဧက၊ တိုက်နယ်(၁၁)မှ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း ကျေးရွအုပ်စုများတွင်(၁၀၅၆)ဧက၊ တိုက်နယ်(၁၂)မှ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်နောက်၊ ကင်း ကျေးရွာများ တွင်(၉၉၂)ဧက စုစုပေါင်း(၁၇၆၆၂)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။


ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး နွေးနှမ်း သီးနှံများ အောင်မြင်ရေး နည်းပညာများ စနစ်တကျကူညီပေးလျက်ရှိပြီး စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထား ဖြန့်ဝေပေးထားကာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေးနှမ်းသီးနှံများ အောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း ရှိသည်။


သက်မောင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)