(၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ပါ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ပါ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ




MNP ၊ မတ် ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ပါ လက်ကမ်း စာ စောင်များဖြန့်ဝေပေးခြင်းများကို မြို့မဈေးကြီးနှင့် ကုန်သည် တန်း လမ်းဆုံ တွင်   ယနေ့ နံနက် ၁၁ နာရီကအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။


ထိုသို့  လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးကျော်ဇော်ဝင်း နှင့် ဝန်ထမ်းများမှ လက်ကမ်းစာစောင်တွင်ပါရှိသည့် အကြောင်းအရာများ မှာ ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပလတ်စတစ်အမှိုက်များကို စနစ်တကျစွန့်ပစ် တတ်စေရန်၊   မြို့ ပြဧရိယာ များမှ ပလက်စတစ်စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ပလတ်စတစ် ပစ္စည်း များကြောင့် ပတ်ဝန်းကျင်ထိ ခိုက်နိုင်မှု၊  စွန့်ပစ်ပလတ်စတစ်ပစ္စည်းများအား ပင်လယ် သက်ရှိ များမှ အစာအဖြစ် လွဲမှားစွာ စားသုံးမှုကြောင့် သက်ရောက်နိုင်မှုများ  စသည့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အသိပညာ ပေး လက်ကမ်းစာစောင်များကို အများပြည်သူများသွား လာနေ သော နေရာများ၊ မြို့မဈေးတို့တွင် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေ ပေး ခဲ့ကြောင်း သိရသည်။


 မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost











No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)