မာန်အောင်မြို့နယ်၌ အသက်(၅၀)နှစ်ထက်နိုင်ငံ့ဝန်ထမ်းများအားကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေး စတုတ္ထနှင့်ပဉ္စမအကြိမ်ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ အသက်(၅၀)နှစ်ထက်နိုင်ငံ့ဝန်ထမ်းများအားကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေး စတုတ္ထနှင့်ပဉ္စမအကြိမ်ဆက်လက်ထိုးနှံ




MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အသက်(၅၀)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထနှင့်ပဉ္စမအကြိမ်ထိုးနှံခြင်းကို ဒုတိယနေ့အဖြစ် ယနေ့ နံနက်၁၀နာရီက  မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမတွင်ကျန်းမာရေးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ 


        ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက် သည့်  ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း များကို စနစ်တကျဆောင်ရွက်ပေးပြီး တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထအကြိမ်အဖြစ် လည်းကောင်း၊စတုတ္ထအကြိမ်ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်း ထိုးနှံပေးခဲ့သည်။


      အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် စတုတ္ထအကြိမ်အဖြစ်လာရောက်ထိုးနှံသူ(၁၇)ဦး၊ပဉ္စမအကြိမ်အဖြစ် လာရောက်ထိုးနှံသူ(၇၅)ဦးရှိပြီးကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုယခုလ၂၈ရက်နေ့မှ၃၀ရက်နေ့ထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမတွင်နံနက်၁၀နာရီမှညနေ၃နာရီထိ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)