အသက်(၂၀)နှစ်အောက် အမျိုးသား(ဂိုးလတ်)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်(၂၀)နှစ်အောက် အမျိုးသား(ဂိုးလတ်)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ





MNP ၊ မတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသား(ဂိုးလတ်)ဘောလုံးပြိုင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က မြို့နယ်စည်ပင်ကွင်းတွင် ကျင်းပခဲ့သည်။


ပြိုင်ပွဲတွင်ဗိုလ်လုပွဲစဉ်အဖြစ် ကမာချောင်းအသင်းနှင့် EVER ONE အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲအပြီးတွင် ကမာချောင်းအသင်းက (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။


ယင်းနောက် ဆုချီးပွဲအခမ်းအနားကို ကျင်းပရာ  ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမား ဆုရရှိ သည့်ကစားသမားကို မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစံမွှေးကလည်းကောင်း၊ ဒုတိယဆုရရှိသည့်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြိုင်ကလည်းကောင်း၊ ပထမဆုရရှိသည့်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆုများက မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိုးနိုင်ဝင်းတို့က အသီးသီးပေးအပ်ခဲ့ပြီး အပ်ကြပြီး တံခွန်စိုက်ဆုဖလားရရှိသည့် ကမာချောင်း အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)