အောင်လံမြို့၌ သီတဂူဇောတိက စက္ခုဒါနဆေးရုံတော်တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ် ကုသရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့၌ သီတဂူဇောတိက စက္ခုဒါနဆေးရုံတော်တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ် ကုသရေးဆောင်ရွက်




MNP ၊ မတ် ၂၅

မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ သီတဂူဇောတိက စက္ခုဒါနဆေးရုံတော်တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ် ကုသရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈နာရီက စတင်၍ မျက်စိဝေဒနာရှင်(၁၀၀)ဦးအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသရေး ဆောင်ရွက်ခဲ့သည်။


အဆိုပါမျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသရေးဆောင်ရွက်ရာသို့ ကျေးဇူးရှင် အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီးမှ ကြွရောက်၍ မျက်စိဝေဒနာ ရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိသော မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေး၍သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ကြောင်း မေတ္တာပို့ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း သိရသည်။


အောင်လံမြို့သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသခြင်းလုပ်ငန်းအား မတ်လ ၂၃ ရက်နေ့မှ ၂၇ရက်နေ့ အထိ စုစုပေါင်း မျက်စိဝေဒနာရှင် (၁၀၀၀)ဦးအား ကုသပေးသွားမည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်စွာပြီးမြောက်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မျိုးသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)