တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲများကျင်းပလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲများကျင်းပလျက်ရှိ





MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ များကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်းသိရသည်။


ဓမ္မာစရိယစာမေးပွဲတွင်မြန်မာဂုဏ်ထူးဘာသာရပ်ကိုဖြေဆို ရန် စာရင်းရှိသံဃာ(၁၉)ပါးရှိသည့် အနက်သံဃာ(၅)ပါးကလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ  ပထမငယ်တန်းတွင် ဘိက္ခုပါတိမောက် ဘာသာရပ် ဖြေဆိုရန်စာရင်းရှိ(၃၉)ပါးရှိသည့်အနက်(၂၉)ပါးကလည်းကောင်း ၊ အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်ဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိသံဃာ(၇၄)ပါးရှိသည့်အနက်(၄၅)ပါးကလည်းကောင်း ၊ ပထမကြီးတန်းတွင်ဒွေမာတိကာဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိသံဃာ(၇)ပါးရှိသည့်အနက်(၄)ပါးက လည်းကောင်း ၊ပထမလတ်တန်းတွင်ဒွေမာတိကာဘာသာရပ်ကို ဖြေဆိုင်ရန်စာရင်းရှိ သံဃာ(၈)ပါးရှိ သည့်အနက် (၃)ပါးဖြေဆိုခဲ့ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ မှသိရသည်။


သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)