MNP - မတ် ၂
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းလမ်းညွှန်သြဝါဒခံယူခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် မေးခွန်းထုတ်ဝေပေးရာတွင် ကြီးကြပ်မည့် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ပညာရေးမှူးများ၊ စာစစ်ဌာနအလိုက် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူး များနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီး များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံတစ်ဝန်းလုံး၌ တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း စာဖြေသူ (၁၃၆၅၅)ဦးက စာစစ်ဌာန(၅၄)ခုမှာ ဝင်ရောက်ဖြေဆို ကြမှာဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လုံခြုံမှုအပြည့်အဝဖြင့် အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲမှ ဦးဆောင်တာဝန်ယူ ပြီးတိုင်း ပညာရေးမှူးက အနီးကပ်ကြီးကြပ်ကာ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက တာဝန်ယူကျင်းပသွားကြရမှာဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တာဝန် ထမ်းဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီးများအနေနဲ့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီဌာနက သတ်မှတ် ထားသည့် တက္ကသိုလ်ဝင် စာမေးပွဲ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ တာဝန်ထမ်ဆောင်ဖို့နဲ့ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကိုလည်း မသမာမှုကင်းရှင်းစွာဖြင့် စည်းကမ်းချက်များနှင့် အညီ စာမေးပွဲ ဖြေဆိုရေး ထိန်းကျောင်းကြပ်မတ်ဖို့နဲ့ စာမေးပွဲကို ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပရန် လိုအပ်ကြောင်းလည်း မှာကြားလိုကြောင်း၊ အလျဉ်းသင့်လို့ မှာလိုတာက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ရဲ့ အချက်အမှတ်(၅)ကို ဖော်ဆောင်တဲ့အခါ ဆရာ၊ ဆရာမကြီးတို့ရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အပြင် Free and Fair ဖြစ်ပြီး မှန်ကန်သည့် ရွေးကောက်ပွဲဖြစ်ရေးမှာ ရွေးကောက်ပွဲ ကော်မရှင်တစ်ခုတည်းသာမက အားလုံနှင့် သက်ဆိုင်သည့်အတွက် ဝန်ထမ်းများ၊ ပြည်သူများကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်မှ နားလည်အောင်ရှင်းပြရန်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှုပြုထားသည့်အတွက် မိမိတို့၏ လုပ်ဖော်ကိုင်ဖက် များကို ထပ်ဆင့် ရှင်းလင်းပေးကြဖို့နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် (၁၂)ရပ်၏ လူမှုရေးကဏ္ဍ အချက်(ဃ)တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံ ပညာရေးကဏ္ဍမြှင့်တင်ရန် ဦးတည်ချက်အား မှတ်သားလိုက်နာ အလေးထားဖော်ဆောင်ရန် မှာလိုပါကြောင်း၊ လာမဲ့ပညာသင်နှစ်မှာ စနစ်သစ် Grade-9 / Grade-12 အတန်းသစ်များကို တိုးချဲ့အကောင် အထည်ဖော်ကြရမှာဖြစ်တဲ့အပြင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက် တန်းကျောင်း(၄)ကျောင်းကို မကွေးတိုင်း ဒေသကြီးအတွင်း ဖွင့်လှစ်သွားမှာဖြစ်လို့ တက်ရောက် လိုတဲ့ ကျောင်းသား၊ ကျောင်းသူများ သိရှိတက်ရောက်နိုင်ရေးနဲ့ စနစ်ဟောင်း Grade-9 အောင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ကြောင်း၊ လစဉ်နိုင်ငံတော်မှ ကျပ်(၁)သောင်း ထောက်ပံ့မှာဖြစ်ကြောင်း စသည့် ရရှိလာမဲ့ အခွင့်အရေးများကို မိမိတပည့်များကို ရှင်းလင်း အသိပေးဖို့ မှာကြားလိုပါကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လုံခြုံချောမွေ့အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ၏ အကြိုလုပ်ငန်းများကို သတ်မှတ် ညွှန်ကြားချက်များ၊ လက်ရှိနယ်မြေ လုံခြုံရေး အခြေအနေများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး၊ ဖြေဆိုသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးကို ဖျက်ဆီးနှောင့်ယှက် အန္တရာယ်ပြုလာမှုများ ရှိလာပါက အချိန်မီကာကွယ်တားဆီး ချေမှုန်းနိုင်ရေး ဒေသတာဝန်ရှိသူများနှင့် ပညာရေး ဝန်ထမ်းအားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အပြည့်အဝ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြ စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂန့်ဂေါခရိုင်၌ စာစစ်ဌာနကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း(၇)ဦးအတွက် ထောက်ပံ့ငွေများကို တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးထံ ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment